[latest_news_marquee]

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ၌ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ကစားကာ အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့ တယ်လို့ သိရပါတယ်။

၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ အုပ်စု(G) နောက်ဆုံးပွဲကို အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာအသင်းက ဟောင်ကောင်အသင်းကို နှစ်ဂိုး – တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အုပ်စု (G) ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ပွဲစဉ်တစ်လျှောက် မြန်မာအသင်းဟာ ယူအေအီးအသင်းကို ၉ ဂိုး-ဂိုးမရှိ၊ ဟောင်ကောင်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်သို့ နှစ်ကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၃ ကြိမ်မြောက်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

Photos- MFF

Your Ad Here
Ad Size: 336x280 px

More News