[latest_news_marquee]

မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ခရီးသွားလုပ်ငန်း ၊ ညီအစ်မမြို့တော် ထူထောင်ရေးနှင့် အာကာသနည်းပညာ ပူးပေါင်းရေး MoU များ လက်မှတ်ရေးထိုး

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းတွင် 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုတပ်ဖွဲဖြင့်ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် နိုင်ငံတော် သမ္မတဟာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ် တစ်ရပ်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။


သမ္မတ ၂ ဦးဟာ  လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လဲလှယ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနှင့် လာအို နှစ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် Sister City MoU တို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် မွန်းလွဲပိုင်း၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လာအိုအမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

Photos- PPIB

Your Ad Here
Ad Size: 336x280 px

More News