[latest_news_marquee]

“ရက်ကန်းထုတ်ကုန်ပြပွဲနှင့် အထူးစျေးရောင်းပွဲတော်”ကို အမရပူရမှာ ၂ ရက် ကျင်းပမည်


အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)က ကြီးမှူး၍ “ရက်ကန်းထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်”ကို လာမယ့် အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ၊ ဆောင်းဒါးသိပ္ပံသင်တန်းကျောင်းဝန်းအတွင်း၌ ၂ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါ ပွဲတော်၌ အမရပူရထွက် နာမည်ကြီး ပိုးထည်ချည်ထည်ဆိုင်များမှ စက်တန်းထွက် ချိတ်များ၊ လက်ရက်ထည်များနှင့် သဘာဝ ချည်သားစစ်စစ်များကို အထူးစျေးနှုန်းများ၊ ပရိုမိုးရှင်းအစီအစဉ်များနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ပွဲတော်သို့ လာရောက်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များလည်းထည့်သွင်းထားကာ ချည်ထည်သီးသန့်ပွဲဖြစ်တဲ့အတွက် ဒီဇိုင်းသစ် လက်ရာဆန်းများကို မြန်မာ့ရိုးရာချည်ထည်နှင့် ရက်ကန်းထည်များ ချစ်မြတ်နိုးသူတွေအနေနဲ့ ဝင်ရောက်လေ့လာ ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News