ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်များသို့ ပိုလွှတ်လျက်ရှိသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ပလက်ဖောင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် အလုံ Toyo Thai GTG (1)၊ (2)၊ STG (110MW)၊ သာကေတ U – Energy GTG၊ STG (106MW) နှင့် သာကေတ Max Power (33MW) ဓာတ်အားပေးစက်များ ရပ်တန့်ထားရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ထိုသို ဓာတ်အားပေးစက်များ ရပ်တန့်ထားရခြင်းကြောင့် ဓာတ်အားစနစ်အတွင်းသို ဓာတ်အားထုတ်လုပ်ပိုလွှတ်ပေးနိုင်မှု စုစုပေါင်း (249)MW ခန့် လျော့နည်းလျက်ရှိတယ်လို့လည်း သိရပါတယ်။
အဆိုပါ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ မြိုနယ်များတွင် ယာယီဝန်အားထိန်းညှိမှုများရှိနိုင်မှာဖြစ်တယ်လို့ YESC မှ အသိပေးထုတ်ပြန်ထားပါတယ်။
Photos – YESC/Internet






