ရန်ကုန်တိုင်းဒေသကြီး၌ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်များအားလုံးကို (A) (B) အုပ်စု (၂) ခုခွဲ၍ (၄) နာရီစီ အလှည့်ကျ ဓာတ်အားပေးမယ်လို့ လျှပ်စစ်ဌာနများထံမှ သိရပါတယ်။
အဆိုပါ ဓာတ်အားပေးခြင်းကို နံနက် (၅) နာရီမှ ည (၉) နာရီအတွင်း (၄) နာရီစီ အလှည့်ကျ ဓာတ်အားပေးမှာဖြစ်ပြီး ည (၉) နာရီမှ နောက်တစ်နေ့ မနက် (၅) နာရီအတွင်း No Loadshed အဖြစ် ဓာတ်အား ပေးသွားမယ်လို့လည်း သိရပါတယ်။
ခရိုင်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက “အရင်ပေးခဲ့တဲ့အတိုင်းပဲ အုပ်စုခွဲပြီး အားလုံးကို ပေးသွားမှာပါ”လို့ MFN ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
Photo- လျှပ်စစ်ဌာနအချို့






