[latest_news_marquee]

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အပူဒဏ်ကြောင့် အမျိုးသားတစ်ဦး မူးလဲသေဆုံးခဲ့

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အပူရှိန်ကြောင့် သက်ကြီးအမျိုးသားတစ်ဦး မူးလဲကျကာ သေဆုံးခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ 

အဆိုပါ ဖြစ်စဉ်အရ ယနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁၁ နာရီ ၂၅ မိနစ်တွင် ကျောက်တံတားမြို့နယ် ၊ ဆူးလေဘုရားလမ်း နှင့် အနော်ရထာလမ်းထောင့်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး Heat Stroke ဖြစ်၍ မူးလဲနေကြောင်းသတင်းရရှိသဖြင့် ထွက်ခွာကူညီခဲ့ကြောင်း၊ ဖြစ်စဉ်နေရာသို့ ရောက်ရှိချိန် နေ့လယ် ၁၁ နာရီ၂၈ မိနစ်တွင် လူနာအမျိုးသားမှာ အသက်မရှိတော့ကြောင်း ၎င်းတပ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားပါတယ်။

ထိုသေဆုံးသူ၏ မိသားစုဝင်များကို ဆက်သွယ်အကြောင်းကြားပေးခဲ့ပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ရာသီဥတုအပူရှိန်ကြောင့် အပြင်သို့သွားလာရာတွင် သတိထားသွားလာရန်လိုအပ်ကြောင်း၊ နေရောင်ခြည်ကာကွယ်သည့် အဝတ်အစားများ၊ ထီးများယူဆောင်ရန်လိုအပ်ကြောင်း၊ ရေကို မကြာခဏသောက်ပေးရန် လိုအပ်ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေးပြောကြားခဲ့ပါတယ်။

Photo – ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့

Your Ad Here
Ad Size: 336x280 px

More News