ရန်ကုန်တိုင်းဒေသကြီးမှာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု အမှုပေါင်း ၁၁၇ မှုအထိ ရှိခဲ့ပြီး ကျူးလွန်သူ ၉၉ ဦးကို ဖော်ထုတ် ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
အဆိုပါ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ လျော့နည်းကျဆင်းစေရန်အတွက် မြို့နယ်များရှိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာမှုရှိသည့် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသွင်ယူစောင့်ကြည့် ဖမ်းဆီးအရေးယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ထိုသို့ ဖမ်းဆီးခဲ့ရာမှာ ယခုနှစ် ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ အရှေ့ပိုင်း/အနောက်ပိုင်း၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် မြောက်ပိုင်း/ အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်များမှ ခါးပိုက်နှိုက် ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုကျူးလွန်သူများနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ သက်သေခံပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်း အလုံးပေါင်း ၁၄၀ လုံးနှင့် ငွေကျပ် ၆,၅၇၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုင်းဒေသကြီးအတွင်း ရက် ၁၀၀ စီမံချက်အနေဖြင့် မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများကင်းစင်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ နေ့စဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Photo – MFN
ရန်ကုန်မှာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှုပေါင်း ၁၁၀ ကျော်ရှိခဲ့ပြီး ကျူးလွန်သူ ၁၀၀ နီးပါးကို ဖမ်းဆီးအရေးယူထား
More News




ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား
November 2, 2026



Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်
November 1, 2026