[latest_news_marquee]

ရန်ကုန်ဟာ စီးပွားရေးအချက်အချာကျတဲ့ တိုင်းဒေသကြီးဖြစ်လို့ ပြည်သူ့အသံကို နားစွင့်ဆောင်ရွက်ပေးရန် လိုအပ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်တိုင်းဒေသကြီးဟာ စီးပွားရေးအချက်အချာကျသည့် တိုင်းဒေသကြီးဖြစ်သည့်အလျောက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများစိတ်ချမ်းသာစွာသွားလာနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့ကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကိုနားစွင့်၍ ဆောင်ရွက်ပေးသွားကြရန် လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့(Myanmar Parliamentary Union- MPU) ဒုတိယဥက္ကဋ္ဌ ဦးခင်ရီဟာ အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်မြေအကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကို အသေးစိတ်သိရှိရန်လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မယ်လို့လည်း ဆိုထားပါတယ်။

ထို့အပြင် “ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူ့တို့ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့်  ဆောင်ပုဒ်နှင့်အညီ လွှတ်တော်မှ ဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာကဏ္ဍများကို အသုံးပြု၍ ပြည်သူများ သိရှိလာနိုင်စေရန် ဆောင်ရွက်ကြစေလိုတယ်လို့ သူက ပြောကြားပါတယ်။

ထို့အတူ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ပြည်သူ့အသံဖော်ဆောင့်သည့် အနေဖြင့် လွှတ်တော်သို့ မေးခွန်းများ၊ အဆိုများတင်သွင်းသည့်အခါတွင်လည်း စာအရေးအသား၊ စကားရပ် အသုံးအနှုန်းများ နှင့်ပတ်သက်လို့ နိုင်ငံတော်မှ တရားဝင်ဖော်ပြသည့် အသုံးအနှုန်းများဖြင့်သာ သတိပြုရေးသားပြောဆို ဆွေးနွေးကြရမယ်လို့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News