[latest_news_marquee]

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၄ ခုတိုမှာ ဇူလိုင် ပထမ ၁၀ ရက်အတွင်း ရွာသွန်းမြဲထက် မိုးပိုနိုင်ဟု မိုးဇလ အသိပေး

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄) ခု၌ ဇူလိုင်လ ပထမ (၁၀) ရက်ပတ် (ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၀ ရက်) အတွင်း မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အသိပေးထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တိုတွင် ရွာသွန်းမြဲထက်ပိုနိုင်တယ်လို သိရပါတယ်။

ထိုအပြင် စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုတွင်မူ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ပထမ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာပြီးနောက် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းလည်း မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။

ထိုအပြင် မိုးဇလမှ ဇွန် ၃၀ ရက် နံနက်ပိုင်းမှာ မိုးကြီးမည့်သတိပေးချက်ကို ထုတ်ပြန်ထားပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း ဇူလိုင် ၃ ရက်မှ ၁၀ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သိရပါတယ်။

ထိုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိးဆော်ထားတယ်လိုလည်း သိပါတယ်။

Photo – MFN

Your Ad Here
Ad Size: 336x280 px

More News