ရန်ကုန်မြို ထန်းတပင်မြိုနယ်အနီး ၃ ဒသမ ၅(M) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြိုနေ ပြည်သူများ သိသာစွာ ခံစားခဲ့ရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၆ နာရီ၊ (၅၁) မိနစ်၊ (၀၈) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက် (၁၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ထန်းတပင်မြို၏ တောင်-အရှေ့တောင်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆ ဒသမ ၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၀၁) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃ ဒသမ ၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလုံမြိုနယ်က ပြည်သူတစ်ဦးက “အရင် မကြားဖူးတဲ့ ဒုန်းဆိုတဲ့ အသံကြားတော့ မနက်အစောကြီး ဘာသံကြီးလဲဆိုပြီး တွေးနေတုန်း လှုပ်လာတာ တော်တော် သိသာတာ၊ ထိုင်နေတုန်း ရမ်းသွားတာ ၁ မိနစ်လောက်ရှိမယ်”လို့ သူ့အတွေ့ အကြုံကို MFN ကို ပြောပါတယ်။
သန်လျင်မြိုနယ်က ပြည်သူတစ်ဦးကလည်း “ငလျင်က ဒီတစ်ခါ တော်တော် သိသာတယ်” လို့ ပြောပါတယ်။
သာကေတမြိုနယ်မှ ပြည်သူတစ်ဦးကလည်း “၃ ဒသမ ၅ မိုလိုသာပဲ၊ ဘယ်ညာ ယိမ်းသွားတာ သိသာတယ်” လို့ ပြောပါတယ်။
Photo- မိုးဇလ






