[latest_news_marquee]

ရန်ကုန် – ပုသိမ် ခရီးစဉ်ကို  ZHONG TONG EV မော်တော်ယာဉ်များဖြင့် ပြေးဆွဲရန် ပြင်ဆင်နေ

ရန်ကုန် – ပုသိမ် ခရီးစဉ်ကို  ZHONG TONG EV မော်တော်ယာဉ်များဖြင့် ပြေးဆွဲရန်ပြင်ဆင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။

ပြေးဆွဲမည့် ယာဉ်များကို ပုသိမ်ဟိုတယ်တွင် ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၏ ယာယီ တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ (REC) ဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြသခဲ့ပြီး အခမ်အနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ခရီးသွားလာမှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ အတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်ပြီး ၎င်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုကောင်းမွန်ရေးနှင့်အတူ လူနှင့်ကုန်စည်များ အချိန်မီဘေးကင်းစွာ သွားလာပို့ဆောင် နိုင်ရေးကလည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ကားအရောင်းအဝယ်လုပ်ငန်း တိုးတက်ရေးတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ဒေသ၏ ထုတ်လုပ်မှု၊ ကုန်စည်စီးဆင်းမှု၊ အလုပ်အကိုင်နှင့် ပြည်သူများ၏ နေ့စဉ် လူမှုစီးပွား ဘဝကိုပါအထောက်အကူပြုနိုင်သည့် ကဏ္ဍတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တိုင်းဝန်ကြီးချုပ်က မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် အသင်းအနေဖြင့်လည်း အသင်းဖွဲ့စည်းပုံ စည်းမျဉ်းများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ပြီး အသင်းဝင်များအကြား ယုံကြည်မှုကို တည်ဆောက်ကြ စေလိုကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Your Ad Here
Ad Size: 336x280 px

More News