ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့တွင် နှစ်စဉ် အောက်တိုဘာလ မှ ဖေဖော်ဝါရီလအထိ မြူထူထပ်မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ယာဉ်များ အရှိန်လျှော့မောင်းရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
မြူထူထပ်သည့် လမ်းပိုင်းများမှာ ရန်ကုန်တိုင်းအတွင်း ၅ နေရာ၊ ပဲခူးတိုင်းအတွင်း ၁၃ နေရာ၊ နေပြည်တော်အတွင်း ၅ နေရာနှင့် မန္တလေးတိုင်းအတွင်း ၅ နေရာ၊ စုစုပေါင်း ၂၈ နေရာ ရှိကြောင်း သိရပါတယ်။
ထို့ကြောင့် မြူထူသည့်နေရာများမရောက်မီ လမ်းညွှန်အမှတ်သားများအဖြစ် အဝါရောင်ခံပေါ်တွင် မြူထဲဝင်နေသည့် ကားပုံနှင့် “ရှေ့တွင်မြူကျတတ်သည့်နေရာရှိသည်” ဟုဆိုသည့် ဆိုင်းဘုတ်များကိုလည်း စိုက်ထူထားပြီး ၎င်းဆိုင်းဘုတ်တွေ့ရှိပါက မြင်ကွင်းအကန့်အသတ်ရှိနိုင်တဲ့အတွက် ယာဉ်မောင်းများအနေဖြင့် အရှိန်လျှော့မောင်းနှင်ပြီး Fog Light နှင့် လိုအပ်ပါက ရှေ့မီးများဖွင့်၍ သတိပြုမောင်းနှင်ကြရန်လည်း သတိပေးထားကြောင်း သိရပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ နေရာ ၂၈ နေရာမှာ မြူထူထပ်သဖြင့် ယာဉ်များ အရှိန်လျှော့မောင်းရန် သတိပေး
More News




ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား
November 2, 2026



Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်
November 1, 2026