ရန်ကုန်မြိုရှိ မြေပဒေသာကျွန်း (ပုလဲကျွန်း) တွင် မြန်မာ့ထောပတ်သီးနှင့် သစ်သီးဝလံပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပိုရောင်းချသူများအသင်းထံမှ သိရပါတယ်။
အဆိုပါပွဲတော်တွင် တောင်ပေါ်ဒေသမှ ထောပတ်သီးစိုက်တောင်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ၊ ထောပတ်သီးစားသောက်ကုန်များ၊ အလှကုန်များ၊ ထောပတ်သီးပြခန်းများနှင့် အရည်အသွေး ကောင်းမွန်သောထောပတ်သီးပြိုင်ပွဲများ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် သစ်သီးဆိုင်ခန်းများ၊ အခြားသောစားသောက်ကုန်၊ လူသုံးကုန် အရောင်းဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၇၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး ပန်းချီ၊ တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ Game အစီအစဉ်များလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Photo Credit – မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပိုရောင်းချသူများအသင်း






