ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ၃ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။
အဆိုပါ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံးလူဦးရေတစ်သောင်းဝန်းကျင်ရှိပြီး အစိုးရရုံးပိတ်ရက်များနှင့် နေ့ကြီးရက်ကြီးများတွင် ပို၍လာရောက် ဖူးမြော်လေ့ရှိကာ မိုးအခါကာလများ၌ ဘုရားဖူးဝင်ရောက်မှုနည်းပါးကြောင်း သိရပါတယ်။

ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၇၀,၀၄၄ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၃၆,၀ဝ၇ ပါး၊ အမျိုးသား ၁,၆၉၆,၈၁၈ ဦး၊ အမျိုးသမီး ၂,၀၃၄,၇၀၈ ဦး၊ နိုင်ငံခြားသား ၂၀,၃၂၉ ဦး၊ နိုင်ငံခြားသူ ၁၉,၉၂၉ ဦး၊ စုစုပေါင်း ၃,၈၇၇,၈၃၅ ဦး ဖြစ်ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ စာရင်းများအရ သိရပါတယ်။
ဒါ့အပြင် လအလိုက် ဘုရားဖူးဝင်ရောက်မှုတွင် ဇန်နဝါရီလ၌ ၅ သိန်းကျော်၊ ဖေဖော်ဝါရီလ၌ ၈ သိန်းကျော်၊ မတ်လ၌ ၆ သိန်းကျော်၊ ဧပြီလ၌ ၈ သိန်းကျော်၊ မေလ၌ ၅ သိန်းကျော်နှင့် ဇွန်လ၌ ၄ သိန်းကျော်ဖြင့် လာရောက်ဖူးမြော်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ချိန်ကို နေ့စဉ်နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်းသိရပါတယ်။
Photos –MFN






