လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မီတာပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/ စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာ ရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့် စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
လျှပ်စစ်ဓာတ်အားကို စတင်ထုတ်လုပ်သည်မှ ပြည်သူများလက်ဝယ်သို့ ရောက်ရှိလာသည်အထိ နိုင်ငံတော်မှ မတည်ရင်းနှီးထားရသည့် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများကို စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်းခြင်း၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ အဆင့်မြှင့်တင်ခြင်းတို့ ပြုလုပ်နိုင်မှသာ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အရည်အသွေးပြည့်ဝစွာ အသုံးပြုနိုင်မည်ဖြစ်ရာ ယင်းသို့ဆောင်ရွက်နိုင်ရန်လိုအပ်သော ထိုက်တန်သည့် အခကြေးငွေများကိုသာ ပေးသွင်းရမယ်လို့ သိရပါတယ်။
ထိုသို့ပေးသွင်းရာတွင်လည်း မည်သည့်ငွေကြေးကုန်ကျမှုမှ ထပ်မံမလိုဘဲ တရားဝင်သတ်မှတ်ထားသည့် အခကြေးငွေကိုသာ သတ်မှတ်ပေးသည့် Account သို့ Online မှတစ်ဆင့် ငွေပေးသွင်းရမှာဖြစ်ပြီးမီတာတပ်ဆင်လိုသူများအနေဖြင့် ဝန်ကြီးဌာန၏ Website သို့ ဝင်ရောက်၍ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ယင်းသို့လျှောက်ထားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက အမြန်ဆုံး မီတာတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှအသိပေးကြေညာထားပါတယ်။
Photo- MFN






