ဝါလုပ်ငန်းရှင်များအနေဖြင့် ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအဆိုပြုလွှာများကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
အဆိုပါ ချေးငွေကို အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) ရန်ပုံငွေမှ ထုတ်ချေးပေးလျက်ရှိပြီး ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစေ့ဆီထုတ်စက်များ၊ ချည်မျှင်ထုတ်လုပ်မည့်စက်များ တည်ထောင်ရန်နှင့် တိုးချဲ့တပ်ဆင်နိုင်ရန် ချေးငွေများ လျှောက်ထားနိုင်ကြောင်းနှင့် ချေးငွေ အဆိုပြုလွှာများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီရုံးများသို့လည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ထို့အပြင် ပြည်တွင်းမှ ထွက်ရှိသည့် ဝါများအား အပြည့်အဝကြိတ်ခွဲနိုင်ရန်နှင့် တောင်သူများအနေဖြင့် စိုက်ပျိုးထွက်ရှိသည့် ဝါများအား တစ်ပိုင်တစ်နိုင် ကြိတ်ခွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်တို့အတွက် ပြည်တွင်းမှ ထုတ်လုပ်ထားသည့် ဝါကြိတ်စက်များအား အထူးအစီအစဉ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ထို့ကြောင့် ဝါလုပ်ငန်းရှင်းများနှင့် တောင်သူများအနေဖြင့် နေပြည်တော်ရှိ ရုံးအမှတ်(၃၇) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)သို့ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
Photos – MOI






