[latest_news_marquee]

သွားဖုံးသွေးယိုမှု ပြဿနာဟာ ကျောက်ကပ်ရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်နိုင်ဟု ပညာရှင်များ ပြောကြား

သွားဖုံးသွေးယိုမှု ပြဿနာဟာ ကျောက်ကပ်ရောဂါ၏ ရှေ့ပြေးလက္ခဏာများ ဖြစ်နိုင်ကြောင်း ဂျာမနီ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း စသည့် သွားခံတွင်းရောဂါများသည် ခံတွင်းကျန်းမာရေး ချို့ယွင်းမှုကြောင့် ဖြစ်ပွားတတ်သည့် ပြဿနာမျိုးဖြစ်သော်လည်း သုတေသနပညာရှင်များက အရွယ်ရောက်သူ ၆,၀၀၀ ကျော်တို့၏ အချက်အလက်များနှင့် ကျောက်ကပ်ကျန်းမာရေး အချက်အလက်များကို နှိုင်းယှဉ်လေ့လာခဲ့ရာ လေ့လာချက်မှပေါ်ထွက်လာသည့် ရလဒ်များအရ ပြင်းထန်သည့် သွားဖုံးရောဂါများနှင့် ကျောက်ကပ်ပျက်စီးမှု အစောပိုင်း လက္ခဏာများအကြား ဆက်စပ်မှု ရှိနေသည်ကို တွေ့ရကြောင်းလည်း ပညာရှင်များက ဆိုထားပါတယ်။

ကျောက်ကပ်ကျန်းမာရေး ပုံမှန်ရှိသူများအနက် ၁၄ ရာခိုင်နှုန်းတို့တွင်သာ ပြင်းထန်သည့်သွားဖုံးရောဂါများ ရှိနေတတ်သော်လည်း နှိုင်းယှဉ်ကြည့်မှုများအရ ကျောက်ကပ်ကျန်းမာရေး ထိခိုက်နေသူများအကြား သွားဖုံးရောဂါများဖြစ်ပွားမှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းကျော်အထိရှိတာကို တွေ့ရကြောင်းလည်း ဂျာမနီသုတေသန ပညာရှင်များက ပြောကြားထားပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News