[latest_news_marquee]

အင်းလေးဒေသ၏ ထင်ရှားသော အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် 

၂၀၂၆ ခုနှစ် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူ ဒေသစာရီကြွချီပူဇော်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ (အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ) ကျင်းပလျက်ရှိပါတယ်။

လက်ရှိတွင်  အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူဟာ အင်းတိန်ကျေးပေါခုံကျောင်း၊ ဟဲယာရွာမ၊ ငါးဖဲချောင်း၊ ကြေးစားပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်ကျောင်း၊ မန်ကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံနှင့် ရေသာအပါအဝင် ဌာန ၂၁ ခုသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိပါတယ်။ 

ထို့အပြင် ပွဲတော်အတွင်း  အင်းလေးဒေသ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် အင်းလေးရိုးရာလှေပြိုင်ပွဲကိုလည်း အောက်တိုဘာ ၁၆ ရက်မှာ စတင် ကျင်းပခဲ့ပါတယ်။ 

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သည် အင်းလေးဒေသ၏ ထင်ရှားလှသော ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလေ့ရှိကြောင်းလည်း သိရပါတယ်။

Credit – ပအိုဝ်းဌာနေဖာမွန်းမြေ

Your Ad Here
Ad Size: 336x280 px

More News