[latest_news_marquee]

အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းဘုရားများ ထပ်မံပြိုကျမှု မဖြစ်ပေါ်စေရေး သုသေတနပြု တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေ 

အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းဘုရားများ ထပ်မံပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် အင်းဝမြို့ဟောင်းအတွင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေတယ်လို့   သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဟံသာဝတီကျေးရွာအုပ်စု၊ မုံ့တီစုရပ်၊ ဂိုဏ်းအုတ်ကျောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၅၃၄-က) သိမ်ကျောင်းမှာ ဒုဋ္ဌဝတီမြစ် ကမ်းပါးနှင့် ကပ်လျက်ရှိပြီး  မြစ်ရေကြီးခြင်း၊ လေတိုက်ခြင်းနှင့် လှိုင်းများ ပုတ်ခတ်ခြင်းတို့ကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်လျက်ရှိနေတဲ့အတွက် ဂိုဏ်းအုတ်ကျောင်း ဆရာတော်ထံမှ ဩဝါဒခံယူ၍ အရေးပေါ်တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ဒုဋ္ဌဝတီမြစ်ကမ်းရှိ ရှေးဟောင်း ဘုရားအမှတ် (၅၀၃)မှာ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက မြစ်ရေကြီး၍ လေတိုက်ပြီး လှိုင်းများ ပုတ်ခတ်၍ မြစ်အတွင်း ပြိုကျခဲ့မှုများဖြစ်ခဲ့တာကြောင့် ကမ်းပါးရှိ ရှေးဟောင်းဘုရားများ ထပ်မံပြိုကျ ပျက်စီးမှုမဖြစ်ပေါ်စေရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် စနစ်တကျ တွက်ချက်ပြင်ဆင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ သိရပါတယ်။

ဆက်လက်၍ အဆိုပါ ဌာနခွဲမှ  အင်းဝမြို့ဟောင်း သတိုးမင်းဖျား၏ တောင်ဘက်မြို့ရိုး၊ အနောက်တောင်ထောင့်မှ ရန်နှိမ်တံခါးအထိ ပေ (၁၆၀၀) ခန့်ကို Phase 1 အဖြစ် သတ်မှတ်ကာ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေပြီး အင်းဝမြို့ဟောင်းရှိ လောကသရဖူ ဘုရားကြီးတွင် မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင် မွမ်းမံနေမှုအခြေအနေများကို ကာလသတ်မှတ်၍ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo – MRTV

Your Ad Here
Ad Size: 336x280 px

More News