[latest_news_marquee]

အရည်အသွေးမီ သံစိမ်းများတည်ငြိမ်စွာ ထုတ်လုပ်နိုင်ရေး ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တွင် အရည်အသွေးမီ သံစိမ်းများတည်ငြိမ်စွာထုတ်လုပ်နိုင်ရေး ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက သံရည်ကျို မီးဖို အလုပ်ရုံကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် TPE ကုမ္ပဏီနှင့် ချုပ်ဆိုမည့်စာချုပ်ဆိုင်ရာ အချက်အလက်များကို စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်၊ စာချုပ်တွင် စီမံကိန်း၌ပြီးစီးထားသည့်အလုပ်ရုံများကို အသိအမှတ်ပြုလက်ခံနိုင်ရေး၊ ဆောင်ရွက်ရမည့် နယ်ပယ်အလိုက် အချိန်ကာလနှင့် တန်ဖိုးသတ်မှတ်ရေး၊ လုပ်ငန်းစဉ်များပြီးဆုံးပါက ရရှိမည့်ရလဒ်နှင့်တာဝန်ယူရမှုတို့ကို ပြည့်စုံအောင်ဖော်ပြပါရှိရေး တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်၏ စစ်ဆေးခဲ့သည့် အစီရင်ခံစာနှင့် စာချုပ်မူကြမ်းတို့ကို တိုက်ဆိုင်စစ်ဆေးရန်၊ သံစိမ်းထုတ်လုပ်မှု၊ အရည်အသွေး၊ ဆက်တိုက်လည်ပတ်နိုင်မှုနှင့်ကုန်ကြမ်းသုံးစွဲမှုနှုန်းထားများကို တိကျစွာသတ်မှတ်ရန်နှင့်တာဝန်ယူမှုတို့ကိုပါညှိနှိုင်းရန် စသဖြင့် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရပါတယ်။ 

ဆက်လက်၍ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေး အလုပ်ရုံ၌ စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပမှကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ စက်ပစ္စည်းများ စစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများကိုလည်း ပြည်ထောင်စုဝန်ကြီးမှ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ  TPE  ကုမ္ပဏီမှ ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများကို တွေ့ဆုံပြီး သံရည်ကျိုမီးဖိုအား ဘေးကင်းလုံခြုံစွာ လည်ပတ်၍ အရည်အသွေးမီ သံစိမ်းများတည်ငြိမ်စွာ ထုတ်လုပ်နိုင်ရေး၊ စက်ပစ္စည်းများကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးနှင့် ရေရှည်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံစနစ်များတည်ဆောက်နိုင်ရေး၊ သံရည်ကျိုမီးဖိုအလုပ်ရုံလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းစဉ်များ၊ သံရည်ကျိုမီးဖိုရှိ စက်ပစ္စည်းများ စစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းများအား အချိန်ဇယားများ ရေးဆွဲ၍ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ အောက်တိုဘာ ၁၈ ရက်နေ့မှာ ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

Photo – MWD

Your Ad Here
Ad Size: 336x280 px

More News