[latest_news_marquee]

အိပ်စက်ရန်ခက်ခဲမှု ပြဿနာရှိသူများ၌ လေဖြတ်နိုင်ခြေ မြင့်မားလာနိုင်ဖွယ်ရှိ

အိပ်စက်ရန်ခက်ခဲမှုပြဿနာ (Insomnia) ဟာ လေဖြတ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ဩစတြီးယား သုတေသနပညာရှင်များ ဦးဆောင်သည့် နိုင်ငံတကာ သုတေသနပညာရှင်များဟာ လူပေါင်း သန်းနှင့်ချီပါဝင်သည့် Insomnia ပြဿနာဆိုင်ရာ လေ့လာချက်ပေါင်း ၂၀ တို့မှရရှိသည့် အချက်အလက်များကို စိစစ်လေ့လာခဲ့ကြပြီး  လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ Insomnia ပြဿနာသည် လေဖြတ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း မြင့်တက်လာနိုင်မှုနှင့် ဆက်စပ်နေသည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ဆိုထားပါတယ်။

ထို့ပြင် Insomnia ပြဿနာရှိနေသူများသည် ၎င်းပြဿနာမရှိသူများနှင့် နှိုင်းယှဉ်ပါက စိတ်ကျဝေဒနာနှင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုစိတ် မြင့်မားနေတတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ရနိုင်ခြေလည်း ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမြင့်မားကြောင်း သုတေသန ပညာရှင်များက ပြောကြားထားပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News