[latest_news_marquee]

အိမ်ထောင်စုတစ်စုလျှင် လစဉ် ၁၀၀ ယူနစ်ခန့်ဖြင့် အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အားပေးမယ့် ရေအားလျှပ်စစ် စီမံကိန်းတစ်ခု ဧရာဝတီတိုင်းမှာ ဆောင်ရွက်နေ

အိမ်ထောင်စုတစ်စုလျှင် လစဉ် ယူနစ် ၁၀၀ ခန့်ဖြင့် အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အားပေးမယ့် ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

အဆိုပါ စီမံကိန်းဟာ အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပြီး ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မယ်လို့ သိရပါတယ်။

ယင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့်ကို အိမ်ထောင်စုတစ်စုလျှင် လစဉ် ၁၀၀ ယူနစ်ခန့် အသုံးပြုမှုဖြင့် ခန့်မှန်းတွက်ချက်ပါက အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး အဆိုပါရေအား လျှပ်စစ်စီမံကိန်းဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဇူလိုင် ၂၂ ရက်နေ့က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ ကညင်ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားများကို အမျိုးသားဓာတ်အား ကွန်ရက်စနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် ၃၃/ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီးစီးမှုနှင့် ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News