[latest_news_marquee]

ဧရာဝတီတိုင်းမှထွက်ရှိသော မတ်ပဲအစိမ်းများကို ဝယ်ယူကြိတ်ခွဲသန့်စင်ပြီး အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချမည်

ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးဆောင်ရွက်ရန်  မြန်မာနိုင်ငံရှိ Green Rise Company Limited နှင့် အိန္ဒိယနိုင်ငံရှိ Super Power Trading Company Private Limited တို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော မတ်ပဲအစိမ်း(Raw) များကို ဝယ်ယူကြိတ်ခွဲသန့်စင်မှု(Gravity Cleaned) ပြုလုပ်ပြီး ထွက်ရှိသော Black Matpe များကို Special Quality  (SQ) နှင့် Fair Average Quality (FAQ) အဖြစ် အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါ မတ်ပဲများကို ပုသိမ်ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ ချန်နိုင်း ဆိပ်ကမ်းသို့  တစ်လလျှင် တန်ချိန် ၂၀,၀၀၀ ခန့်၊ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းခန့်နှင့် အခြားဒေသထွက်ကုန်ပစ္စည်းများကို တင်ပို့သွားမှာဖြစ်ကြောင်းနှင့် ငါးအစာကုန်ကြမ်းဖြစ်သော ပဲပုတ်ဖက်(Soybean Meal) များကို တင်သွင်းပြီး ငါးအစာတောင့်များ ထုတ်လုပ်ကာ တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေး ကန်များသို့ ဖြန့်ဖြူးမည့် အစီအစဉ်များကို မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး ဇူလိုင် ၁၃ ရက်နေ့က ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က “တိုင်းဒေသကြီးရဲ့ ပြည်ပပို့ကုန်များကို ကုန်းလမ်းသာမက ရေလမ်းခရီးကိုပါအဓိကထား တင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပုသိမ်ဆိပ်ကမ်းကနေ တိုက်ရိုက်တင်ပို့နိုင်ပါက တောင်သူများနဲ့ exporter လုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုစရိတ်များ သက်သာနိုင်မှာဖြစ်တဲ့အတွက် များစွာအကျိုးရှိနိုင်ပါတယ်။ ဒီအပြင် တောင်သူတွေလိုအပ်တဲ့ သွင်းအားစုများကို အိန္ဒိယမှ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းနိုင်မှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာ-အိန္ဒိယ ကုမ္ပဏီများ Joint Venture Partnership အဖြစ် ကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် အိန္ဒိယ-မြန်မာ ကုန်သည်လုပ်ငန်းရှင်များအသင်း(IMCC)တို့  ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို့သို့ ကုန်သွယ်ရေးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သွင်းကုန်နှင့် ပို့ကုန်ရငွေ ပေးချေမှုကို အိန္ဒိယငွေကြေး ရူပီး(INR)ဖြင့် တိုက်ရိုက် ပေးချေခြင်းစနစ်အသုံးပြုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ထို့အပြင် ပုသိမ်စက်မှုဇုန်တွင် SOYBEAN MEAL & SOYBEAN OIL EXTRACTION AND REFINERY ပဲပုတ်ဆီကြိတ်စက်ရုံ တည်ဆောက်၍ စားသုံးရန်အသင့် ပဲပုပ်ဆီများထုတ်လုပ်ပြီး ပြည်တွင်းတွင် ဖြန့်ဖြူးခြင်း၊ ပဲပုတ်ဖတ်များအား တိရစ္ဆာန်အစာအတွက် အသုံးပြုနိုင်မည့်အခြေအနေ၊ စီမံကိန်းမတည်ရင်းနှီးငွေ၊ လုပ်ငန်းစတင်မည့် ကာလ၊ ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်း တန်ဖိုးရှိ ပြည်တွင်းလိုအပ်ချက်ရှိသော အိန္ဒိယ နိုင်ငံထွက်ကုန်များအား ပြန်လည်တင်သွင်းမည့်အခြေအနေများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

ကုမ္ပဏီများအနေဖြင့်လည်း စီမံကိန်းလုပ်ငန်းများကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် ဦးအေးကျော် ကတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Photos – ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့

Your Ad Here
Ad Size: 336x280 px

More News