စားသုံးသူရေးရာဦးစီးဌာနသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားစာ စုစုပေါင်း ၂၂၀၀ ခု လက်ခံရရှိခဲ့ရာမှ ၂၁၉၂ မှုကို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၈ မှုကိုလည်း ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ အဆိုပါ ဌာနမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည် စစ်ဆေးထုတ်ပြန်ပေးရေးနှင့် စာချုပ်ပါ စွမ်းရည်ထက် ကျဆင်းနေသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်လို့ မေးမြန်းခဲ့စဉ်မှာ လည်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က သုံးစွဲသူများအနေဖြင့် အင်တာနက်လိုင်းပြတ်တောက်မှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာကုမ္ပဏီသို့ ရှေးဦးစွာ အကြောင်းကြားရန်လိုအပ်ပြီး ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိဘဲ ပျက်ကွက်နေပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဖြေကြားထားခဲ့ပါတယ်။
ယင်းသို့ တိုင်ကြားလိုသူများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ အီးမေးလ်သို့ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
Photos-MOI , Internet






