[latest_news_marquee]

(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်းအတွဲ ၃၀၀၀ ကျော်ကို ရောင်းချပေးသွားမည်

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နဲ့ ကျောက်စိမ်း A အုပ်စု အတွဲ ၃၅၀၊ B အုပ်စု ၁၂၅၅ တွဲ၊ C အုပ်စု ၁၄၆၈ တွဲ၊ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲတို့ကို သတ်မှတ်ရက်အလိုက် တင်ဒါစနစ်ဖြင့် ရောင်းချသွားရန် စီစဉ်ထားရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါပြပွဲအတွက် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး အစည်းအဝေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ရတနာကုန်သည်များအနေဖြင့် အာမခံစဘော်ငွေဖြင့် ကျောက်အတွဲတန်ဖိုးငွေများကို အမေရိကန်ဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာနှင့် ညီမျှသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသော နိုင်ငံခြားငွေအမျိုးအစား သို့မဟုတ် မြန်မာကျပ်ငွေနှင့် ပေးသွင်းနိုင်ရေးအတွက် ယခင်ပြပွဲများနည်းတူ ကျောက်အတွဲအမျိုးအစားအလိုက် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသော ငွေလဲလှယ်နှုန်းထားများ သတ်မှတ်ရာမှာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ပုလဲအတွဲ၊ ကျောက်မျက်အတွဲနဲ့ သတ်မှတ်အုပ်စုပါ ကျောက်စိမ်းအတွဲများအတွက် အာမခံစဘော်ငွေနှင့် တန်ဖိုးနှုန်းထားများကို နိုင်ငံတော်က နစ်နာမှုမရှိစေရေး၊ ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ဈေးနှုန်းအပြိုင်ပေး၍ ဝယ်ယူနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သော နိုင်ငံခြားငွေ လဲလှယ်နှုန်းများအနက် အမြင့်ဆုံး ငွေလဲလှယ်နှုန်းဖြင့် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲအတွင်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ပုလဲအတွဲပေါင်း ၄၈၉ တွဲ အနက်မှ ၄၄၃ တွဲ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ အနက်မှ ၆၇ တွဲ၊ အုပ်စု(A နှင့် B) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၉၀၀ အနက်မှ ၂၁၁၀ တွဲ၊ အုပ်စု(C)မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၈၅ အနက်မှ ၂၀၇၃ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photos – MFN

Your Ad Here
Ad Size: 336x280 px

More News