[latest_news_marquee]

(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲ ၆၀၀ ကျော်၊ ကျောက်မျက်အတွဲ ၇၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၇၅၀ ကျော် ရောင်းချနိုင်ခဲ့

(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲ ၆၀၀ ကျော်၊ ကျောက်မျက်အတွဲ ၇၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၇၅၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါပြပွဲကို အောက်တိုဘာလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။     

ပြပွဲကာလအတွင်း ပုလဲအတွဲပေါင်း ၇၀၀ အနက် မှ ၆၂၉ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ အတွဲ ၇၀ ကိုလည်းကောင်း၊ ကျောက်စိမ်း အုပ်စု (အေနှင့်ဘီ)တို့မှ  အတွဲပေါင်း ၁,၆၀၅ တွဲအနက်မှ ၁,၃၄၉ တွဲကိုလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၁,၄၆၈ တွဲအနက်မှ ၁,၄၀၈ တွဲကိုလည်းကောင်း နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ခေတ်အဆက်ဆက် အကြိမ်မြောက်ပြပွဲများ၊ နှစ်လယ်ရတနာပြပွဲများ၊ အထူးရောင်းချပွဲများစသဖြင့် ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၁၀၄)ပွဲ မြောက် ကျင်းပသည့်ပြပွဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုပြပွဲများမှ ပြည်တွင်းရတနာကုန်သည်များအတွက် စီးပွားရေး အခွင့်အလမ်း၊ အလုပ်အကိုင်အခွင့် အလမ်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)ကို အားပေးမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News