[latest_news_marquee]

ရန်ကုန်ရှိ HIV လူနာများအတွက် ART ဆေးပေးဌာန ၆၂ ခုဖွင့်လှစ်၍ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ HIV လူနာများအတွက် ART ဆေးပေးဌာန ၆၂ ခုဖွင့်လှစ်၍ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

ယခု ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ အချက်အလက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ HIV လူနာ ၇၀,၂၅၃ ဦးရှိပြီး ၎င်းတို့အတွက် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးဌာနတွေနဲ့ ART ဆေးပေးဌာန စုစုပေါင်း ၆၂ ခုမှာ ART ဆေးဝါးတွေကို အခမဲ့ဖြန့်ဝေပေးနေကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက “ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ART ဆေးဝါးဝယ်ယူဖို့ ဘတ်ဂျက်ခွဲဝေပေးရာမှာ ART ဆေးဝါးတွေ လုံးဝပြတ်လပ်မှု မရှိစေဖို့ရည်ရွယ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဘတ်ဂျက်ခွဲဝေမှုမှာ တခြားရောဂါတွေထက် ပိုမိုဦးစားပေး ကျခံသုံးစွဲနေပါတယ်”လို့ ပြောကြားထားပါတယ်။

အဆိုပါ ART ဆေးဝါးများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှစ်စဉ် လုံလောက်စွာ တွက်ချက်ဝယ်ယူလျက်ရှိပြီး လူနာများအား ပုံမှန်ရက်ချိန်း တစ်ကြိမ်လျှင် ၃ လစာ အခမဲ့ထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တစ်နိုင်ငံလုံးရှိ HIV လူနာစုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါးကို ဆေးဝါးများ အခမဲ့ ဖြန့်ဝေကုသပေးလျက်ရှိကြောင်း သိရပါတယ်။

ထို့ကြောင့် HIV လူနာများအတွက် ART ဆေးပေးဌာနများနှင့် ဆေးဝါးများပြတ်လပ်မှုမရှိစေရန် ကြိုတင်သတိပေး တွက်ချက်ဝယ်ယူခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ထို့ပြင် လူနာများအတွက် ဗိုင်းရပ်စ်အကောင်ရေ စစ်ဆေးခြင်းအပါအဝင် တခြားလိုအပ်သည့် သွေးစစ်ဆေးခြင်းများကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိကာ HIV လူနာများတွင် ကိုယ်ခံအားကျဆင်း၍ ဝင်ရောက်လာသော တခြားရောဂါများကိုလည်း အထူးကုဆေးရုံကြီးများနှင့် ပြည်သူ့ဆေးရုံကြီးများ၌ အခမဲ့ ကုသပေးနေကြောင်းလည်း သိရပါတယ်။

Photo – Internet

Your Ad Here
Ad Size: 336x280 px

More News