[latest_news_marquee]

အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အားကစားဆိုင်ရာအဆောက်အဦ အလုံး (၂၀) အား ဖျက်သိမ်းရန်အတွက် အိတ်ပိတ်တင်ဒါခေါ်ယူ

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အားကစားဆိုင်ရာအဆောက်အဦ (၂၀)လုံးအား ဖျက်သိမ်းရန်အတွက် အိတ်ပိတ်တင်ဒါခေါ်ယူ ထားပါတယ်။

အဆိုပါ တင်ဒါအရ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ လက်ရှိအသုံးပြုလျက်ရှိသော အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအပါအဝင် ပျက်စီးယိုယွင်းလျက်ရှိသည့် ပွဲကြည့်စင်များ၊ အဆောက်အဦဟောင်းများနှင့် အားကစားဆိုင်ရာအဆောက်အဦ (၂၀) လုံးတို့အား စနစ်တကျ ဖျက်သိမ်းရန်အတွက် Lot-(၃)ခုခွဲ၍ လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် အိတ်ပိတ်တင်ဒါတင်သွင်းနိုင်ကြောင်း အသိပေးကြေညာထားပြီး  လျှောက်လွှာများကိုလည်း  ဇူလိုင် ၃ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ဝယ်ယူပြီး တင်ဒါဖောင်များကို ဇူလိုင် ၁၇ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏအားကစားကွင်း/အားကစားရုံဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။

တင်ဒါဖွင့်ဖောက်မည့်  နေ့ရက်၊ အချိန်နှင့် နေရာအား ထပ်မံကြေညာသွားပေးသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ အားကစားကွင်း/အားကစားရုံဌာနခွဲ (ရန်ကုန်)ရုံးခန်းသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။

Photo – MOI / Internet 

Your Ad Here
Ad Size: 336x280 px

More News