[latest_news_marquee]

ရန်ကုန်မြို့တွင် (A) (B) အုပ်စု (၂) ခုခွဲ၍ (၄) နာရီစီ အလှည့်ကျ ဓာတ်အားပေးမယ်

ရန်ကုန်တိုင်း‌ဒေသကြီး၌ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်များအားလုံးကို (A) (B) အုပ်စု (၂) ခုခွဲ၍ (၄) နာရီစီ အလှည့်ကျ ဓာတ်အားပေးမယ်လို့ လျှပ်စစ်ဌာနများထံမှ သိရပါတယ်။

အဆိုပါ ဓာတ်အားပေးခြင်းကို နံနက် (၅) နာရီမှ ည (၉) နာရီအတွင်း (၄) နာရီစီ အလှည့်ကျ ဓာတ်အားပေးမှာဖြစ်ပြီး  ည (၉) နာရီမှ နောက်တစ်နေ့ မနက် (၅) နာရီအတွင်း No Loadshed အဖြစ် ဓာတ်အား ပေးသွားမယ်လို့လည်း သိရပါတယ်။

ခရိုင်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက “အရင်ပေးခဲ့တဲ့အတိုင်းပဲ အုပ်စုခွဲပြီး အားလုံးကို ပေးသွားမှာပါ”လို့ MFN ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

Photo- လျှပ်စစ်ဌာနအချို့

Your Ad Here
Ad Size: 336x280 px

More News