[latest_news_marquee]

ကျောက်ဖြူ SEZ စီမံကိန်းအတွက် ရေသိုလှောင်နိုင်ရန် မဒေးကျွန်းတွင် ရေလှောင်တမံ တည်ဆောက်နေ

ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း (SEZ) စီမံကိန်းအတွက် ရေသိုလှောင်နိုင်ရန် မဒေးကျွန်းတွင် ကျောက်တန်း (၁) ၊ (၂) ရေသိုလှောင်တမံကို တည်ဆောက်လျက်ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။

ထို့အပြင် မဒေးကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ရေနံနှင့် ဘဘာဝဓါတ်ငွေ့များအား ပိုက်လိုင်းများဖြင့် ပို့လွှတ်ပေးနေမှု စီမံကိန်းဧရိယာအတွင်း လုံခြုံရေးကိစ္စရပ်များ တပ်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက်  စီမံထားရှိမှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောရောက်ရှိနေမှုနှင့် ရေနံတင်သင်္ဘောပေါ်မှ ရေနံများ သိုလှောင်ကန်သို့ တင်ပို့နေမှုများကိုလည်း  ဇူလိုင် ၂၉ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နှင့် ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ ထို့အတူ အဆိုပါခရီးစဉ်အတွင်း ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်ရှိ ငလပွေ့ရေဝန်တား တာတမံကြံ့ခိုင်မှု၊ ရေဝန်တား တာတမံတွင် Parapet တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဖြူမော်ရပ်ကွက်တွင် Solar Dryer Drone တည်ဆောက်ထားရှိမှု၊ ကျောက်ဖြူမြို့အား Gas turbines ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့်နေရာအပါအဝင် ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News