တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တစ်ကောင်ဖြင့် တိုက်ခိုက်မှု ( bird strike )ဖြစ်ပွားခဲ့ပြီး မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာများမှတဆင့် ယနေ့ မနက်ပိုင်းက ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ ဩဂုတ် ၃ ရက်နေ့ မနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈,၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး သို့အရောက် ငှက်တစ်ကောင်ဖြင့်တိုက်ခိုက်မှု (bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်း အတွင်းသို့ ဝင်ရောက်သဖြင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်ရှင်းသည့် အရပ်မျက်နှာဘက်သို လှည့်၍ Eject ပြုလုပ်၍ ခုန်ထွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
Photo – MOI






