တိုရွန်တိုတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ခုအရ လူတစ်ဦးဟာ တစ်ရက်ကို မလိုင်အပြည့်နွားနို့ သုံးခွက်အထိသောက်နိုင်တယ်လို့ သိရပါတယ်။
ယခင်တုန်းက လူတော်တော်များများဟာ ကုန်တိုက်ထဲမှာ နွားနို့ဝယ်ပြီဆိုရင် အဆီလျှော့နွားနို့ ဒါမှမဟုတ် အဆီထုတ်နွားနို့တွေကိုသာ ရှာဖွေရွေးချယ်လေ့ရှိပြီး အကြောင်းရင်းကတော့ နွားနို့မှာပါတဲ့ မလိုင်ကြောင့် ကိုယ်အလေးချိန်တက်လာမှာစိုး၍ဖြစ်ပြီး နွားနို့သောက်ခြင်းကြောင့်ရတဲ့ ကျန်းမာရေးကောင်းကျိုးများက ပိုများနေပေမယ့်လည်း လူတွေကတော့အဆီကို ရှောင်လာကြတာဖြစ်တယ်လို့ သိရပါတယ်။
သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ အရွယ်ရောက်ပြီး ကိုယ်အလေးချိန်မြင့်တက်နေသူနဲ့ အဝလွန်နေသူ ၇၄ ဦးကိုရွေးချယ်ကာ အုပ်စုသုံးခုခွဲပြီး လေ့လာခဲ့တာဖြစ်ပြီး အဆိုပါ အုပ်စုများမှ လူများကို တစ်ရက်ကို မလိုင်အပြည့်ပါတဲ့ နွားနို့ ၃ ခွက်သောက်သည့်တိုင် ကိုယ်အလေးချိန်တက်မှု သိသာထင်ရှားခြင်းမရှိ တာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။
ထို့အတူ မလိုင်ပါတဲ့ နွားနို့သောက်ခြင်းကြောင့် သွေးဖိအားကိုကျစေတဲ့အပြင် သံဓာတ်၊ အသားဓာတ်နဲ့ ဗီတာမင်ဒီ တို့ကိုပါ ရရှိတဲ့အတွက် အရိုး၊ ကြွက်သား နဲ့ကိုယ်ခံအားစနစ်တွေပါ ပိုမိုကောင်းမွန်လာစေတာကိုတွေ့ရတယ်လို့ ဆိုထားသလို အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားစေတဲ့ အင်ဆူလင်ခုခံမှုကိုလည်း မဖြစ်စေဘူးလို့ ဆိုထား ပါတယ်။
Photo- Internet






