[latest_news_marquee]

အားကောင်းသောမုန်တိုင်းငယ် လက်ရှိတွင် ကျိုက်ထိုမြို၏ တောင်ဘက်မှ စတင်ဖြတ်ကျော်နေပြီး အညိုရောင်အဆင့်ဟု သတ်မှတ်ထား

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မွန်ပြည်နယ် ကျိုက်ထိုမြို၏ တောင်ဘက်မှ စတင်ဖြတ်ကျော်နေပြီး အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို ခန့်မှန်းရကြောင်းလည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

ယနေ့ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတိုတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သိုရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို၏ တောင်ဘက်မှ စတင်ဖြတ်ကျော်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ သုံးခွမြို(Thongwa)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ပဲခူးမြို (Bago)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်နှင့် ဖြူးမြို (Phyu)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အားကောင်းသောမုန်တိုင်းငယ်ဟာ ယနေ့ညနေ ၆နာရီခွဲ အချိန်တွင် မြောက်လတ္တီကျု ၁၇ ဒသမ ၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇ ဒသမ ၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ စက်တင်ဘာ ၃၀ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံအပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်လည်း မိုးဇလမှ အသိပေးနှိုးဆော်ထားပါတယ်။

Photos- မိုးဇလ

Your Ad Here
Ad Size: 336x280 px

More News