ရထားလမ်းပေါ်သို့ ရေကျော်လွန်စီးဆင်းလျက်ရှိတဲ့အတွက် ပုသိမ် – ကြံခင်း ပြေးဆွဲလျက်ရှိသော အစုန်/အဆန် ရထားခရီးစဉ်များအား ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် ဩဂုတ် ၄ ရက်နေ့မှစတင်ကာ ယာယီဖျက်သိမ်း (ဆိုင်းငံ့) ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။
လက်ရှိမှာ ရထားလမ်း ရေကျော်လွန်မှုကြောင့် ပုသိမ် – ဟင်္သာတ -ကြံခင်း လမ်းပိုင်းတစ်ခုလုံးကို ပိတ်ပင်ထားပြီး ရေကျဆင်းမှုကို စောင့်ဆိုင်းကာ ရေကျပြီးနောက် သံလမ်းများနှင့် တံတားများ ကြံ့ခိုင်မှု ရှိ/မရှိ အသေးစိတ် စစ်ဆေးပြီးမှသာ ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ ဟင်္သာတမြို့ရှိ မြန်မာ့မီးရထား တိုင်းအမှတ်(၉)မှ သိရပါတယ်။

အဆိုပါလမ်းပိုင်းကို ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်ကျစရိတ်သက်သာစေရေးနှင့် မိမိတို့ သွားလိုရာသို့ အချိန်တိုအတွင်းသွားလာနိုင်ရေးအတွက် အမှတ် (၁၈၁) အဆန်အမြန်ရထား (ပုသိမ် – ဟင်္သာတ -ကြံခင်း)နှင့် အမှတ် (၁၈၂) အစုန်အမြန်ရထား (ကြံခင်း – ဟင်္သာတ-ပုသိမ်)တို့ကို ပြေးဆွဲဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်_ဟင်္သာတ_ကြံခင်း, ရထားခရီးစဉ်, ရထားသံလမ်းရေကျော်, ရထားခရီးစဉ်ရပ်ဆိုင်း, မြန်မာ့မီးရထား,






