[latest_news_marquee]

ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းမှာ တန်ချိန် ၁၅,၀၀၀ ဝန်းကျင်အထိ ပိုလျှံနေ

ယခုနှစ် ထောပတ်သီးရာသီ၌  ပြည်ပဈေးကွက် ပျောက်သွားသဖြင့်  ပြည်တွင်း၌ ထောပတ်သီး တန်ချိန် ၁၅၀၀၀ ဝန်းကျင် ပိုလျှံနေကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရပါတယ်။

ယခင် ထောပတ်သီးရာသီတွင် ထိုင်းသို့ နယ်စပ်လမ်းကြောင်းမှ ထောပတ်သီး တင်ပို့ခွင့် ရရှိခဲ့သော်လည်း ယခုရာသီတွင်မူ တင်ပို့ခွင့်ကို ထိုင်းနိုင်ငံက တားမြစ်ခဲ့သဖြင့် မြန်မာ့ထောပတ်သီးသည် ပြည်ပဈေးကွက် ပျောက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း စားသုံးမှုအနေဖြင့်လည်း တန်ချိန် ၅၀၀၀ ဝန်းကျင်သာရှိပြီး ပြည်ပ တင်ပို့နိုင်ခြင်း မရှိသဖြင့် ပိုလျှံနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းထောပတ်သီး လက်ကားဈေးကွက်တွင်လည်း Hass ထောပတ်သီး တစ်ကီလိုလျှင် ကျပ် ၁၉၀၀ နှုန်းသာ ဈေးပေါက်နေကြောင်း သိရပါတယ်။ အဆိုပါ ဈေးနှုန်းသည် Hass ထောပတ်သီးကို အနည်းဆုံး ၃၅ ကီလိုမှစ၍ ဝယ်ယူရမည့် ဈေးတန်းဖြစ်ကြောင်း၊ Hass ထောပတ်သီးအကြီး သီးသန့်ဈေးအနေဖြင့်တော့ တစ်ကီလိုလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ နှုန်းရှိပြီး ၅ ကီလိုမှ စတင်ဝယ်ယူရမည် ဖြစ်ကြောင်း သိရပါတယ်။

“ထောပတ်သီးက အဝင်များပြီး စားသုံးမှုနည်းတော့ ဈေးလျှော့ချရောင်းနေရတာ။ ဒီနှစ်ဈေးတန်းက အဆိုးဆုံးပဲ။ အရင် ဩဂုတ်လတုန်းက တစ်ကီလို ကျပ် ၂၂၀၀ ရှိသေးတယ်။ ဒီလထဲမှာ ထပ်ကျသွားတာ။ ထောပတ်သီး အသေးတွေဆို ကျပ် ၁၀၀၀ အောက်ပဲရှိမယ်” လို့ ထောပတ်သီး လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။

လက်ရှိကာလသည် ထောပတ်သီးခူးဆွတ်ရသည့်ကာလဖြစ်သဖြင့် ပွဲရုံများတွင် ထောပတ်သီးများ ဝင်ရောက်မှုများပြီး ဝယ်လိုအားနှင့် ရောင်းလိုအားမမျှသည့် အခြေအနေများကြောင့် ဈေးနှုန်းလျှော့ချ ရောင်းနေရခြင်းဖြစ်ကြောင်း၊ သစ်သီးဝလံ၏ သဘာဝအရခူးဆွတ်ပြီး လတ်လတ်ဆတ်ဆတ် ရှိနေချိန်တွင်သာ ရောင်းအားကောင်းပြီး ရက်ကြာသွားပါက ရောင်းချရမှုနည်းကာ ပို၍အရှုံးပေါ်နိုင်သည့်အတွက်လည်း အသီးလတ်ဆတ်ချိန်တွင် ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ရောင်းချနေရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

သို့သော် ပြည်တွင်း ထောပတ်သီးလက်ကားဈေးကွက်တွင် Hass ထောပတ်သီးဈေးကျဆင်းသော်လည်း လက်လီဈေးကွက်မှာတော့ တစ်ကီလိုလျှင် ကျပ် ၇၀၀၀ အထိ ရောင်းချမှုရှိနေပြီး စားသုံးသူများမှာ ဈေးကြီးပေးဝယ်စားနေရတယ်လို့ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News