MPT နှင့် City Mart Holding Co., Ltd (CMHL) တို့ ပူးပေါင်းဆောင်ရွက်သည့် ဒီဂျစ်တယ်ဝန်ဆောင်မှုအဖြစ် City Rewards ပွိုင့်များကို MPT မိုဘိုင်းဒေတာများအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည့် ဒီဂျစ်တယ်ဝန်ဆောင်မှု မိတ်ဆက်ပွဲကို ဇူလိုင် ၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
MPT အသုံးပြုသူတွေအနေနဲ့ City Reward Points တွေကို အပိုကုန်ကျစရိတ်မရှိဘဲ မိုဘိုင်းဒေတာအဖြစ် လဲလှယ်ကာ အင်တာနက်အသုံးပြုခြင်း၊ ဗီဒီယိုကြည့်ရှုခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်းနှင့် ဂိမ်းကစားခြင်း စတဲ့ နေ့စဉ်ဒီဂျစ်တယ်အသုံးပြုမှုတွေမှာ အဆင်ပြေစွာနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း MPT မှ ဆိုထားပါတယ်။
ထို့အတူ MPT အသုံးပြုသူများက ဈေးဝယ်စင်တာများတွင် ဈေးဝယ်ပြီးရရှိသည့် လက်ဆောင်ပွိုင့်များကို MPT ဒေတာပွိုင့်များနှင့်လဲလှယ်အသုံးပြုနိုင်ရန် ပထမအဆင့်အနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ဒုတိယအဆင့်တွင် MPT က ဒေတာပွိုင့်များဖြင့် ဈေးဝယ်စင်တာများ၌ လဲလှယ်အသုံးပြုနိုင်ရန် ဆက်လက်ဝန်ဆောင်မှုပေးမယ်လို့လည်း သိရပါတယ်။
ယင်း အခမ်းအနားတွင် MPTJO အမှုဆောင်အရာရှိချုပ်ဌာနမှ Mr. Mikinori Naito နှင့် City Mart Holding Co., Ltd အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး MPTJO ၏ Corporate Strategy ဌာန အထွေထွေမန်နေဂျာ ဦးထွန်းအေးမောင်နှင့် City Mart Holding Co., Ltd ၏ Consumer Insight Manager ကိုဖြိုးကျော်တို့က MPT မိုဘိုင်းဒေတာပက်ကေ့ချ်များအဖြစ် အဆင်ပြေလွယ်ကူစွာ တိုက်ရိုက်လဲလှယ်အသုံးပြုနိုင်မည့်နည်းလမ်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဈေးဝယ်ရာမှ စုဆောင်းရရှိထားသည့် City Rewards ပွိုင့်များကို MPT မိုဘိုင်းဒေတာပက်ကေ့ချ်များအဖြစ် လဲလှယ်အသုံးပြုနိုင်မည့် နည်းလမ်းတို့ကို ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
Photos- MPT






