[latest_news_marquee]

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကွန်ရက်စနစ် ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေးနှင့် တိုးချဲ့တည်ဆောက်ရေး၊ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကွန်ရက်စနစ် ပိုမိုကြံ့ခိုင်ကောင်းမွန်စေရေးနှင့် တိုးချဲ့တည်ဆောက် ရေးဆိုင်ရာ ကိစ္စရပ်များအား ထိုင်း နှင့် မြန်မာကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ထိုင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဟာ ဩဂုတ် ၆ ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ မကြာခင်ရေးထိုးသွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ အားကောင်းသော သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News