အငှားယာဉ်မောင်းများနှင့် လူနာတင်ယာဉ် ယာဉ်မောင်းများဟာ အခြားအလုပ်လုပ်ကိုင်ကြသူများထက် အယ်လ်ဇိုင်းမားရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေ ပိုနည်းပါးကြောင်း သုတေသနပညာရှင်များရဲ့ အဆိုအရ သိရပါတယ်။
အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၉ သန်းကျော်တို့၏ သေဆုံးခြင်းမှတ်တမ်း အချက်အလက်များကို နှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်ပြီး အဆိုပါ လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ အငှားယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူများ၊ လူနာတင်ယာဉ် ယာဉ်မောင်း အလုပ်လုပ်ကိုင်သူများသည် အခြားအလုပ်အကိုင်များ လုပ်ကိုင်ကြသူများထက် အယ်လ်ဇိုင်းမားရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေ ပိုနည်းပါးသည်ကို တွေ့ရတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ယာဉ်မောင်းနေစဉ်အတွင်း လမ်းကြောင်း ရှာဖွေမှုအတွက် မြေပုံဖတ်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အလုပ်များ လုပ်ကိုင်နေရခြင်းသည် ဦးနှောက်ကျန်းမာရေးအပေါ် အကျိုးကျေးဇူးရှိနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့ပြီး မိမိတို့၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံအတွင်းရှိ အလုပ်အကိုင် ၄၄၃ မျိုးအနက် အငှားယာဉ်မောင်းအလုပ်နှင့် လူနာတင်ယာဉ် ယာဉ်မောင်းအလုပ် လုပ်ကိုင်ကြသူများသည် အယ်လ်ဇိုင်းမားရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေ အနိမ့်ဆုံးဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားပါတယ်။
Photo- Internet






