[latest_news_marquee]

လေးမျက်နှာမြို့ ရေဘေးကြောင့် လက်ရှိအထိ စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာ ၁၈၈ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့၊ ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်မယ်လို့ဆို

လေးမျက်နှာမြို့ ရေဘေးကြောင့် လက်ရှိအချိန်အထိ စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၉ ခုနှင့် ကျေးရွာ ၁၈၈ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုဖြစ်ပွားခဲ့သဖြင့် ဩဂုတ် ၁၁ ရက်နေ့အထိ လေးမျက်နှာမြို့တွင် မြို့ပေါ်ရပ်ကွက် ၅ ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်တွင် ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၄ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျုံပျော်မြို့နယ်တွင် ကျေးရွာ ၆ ရွာ၊ စုစုပေါင်း မြို့ပေါ်ရပ်ကွက်  ၉ ခုနှင့် ကျေးရွာ ၁၈၈ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေကျော်စီးဝင်သည့်နေရာတွင် Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို Sheet Pile ရိုက်သွင်းရာတွင် သံချောင်းအရေအတွက်မှာ ၂၈၆ ချောင်း ရိုက်သွင်း ရမည်ဖြစ်ရာ ဩဂုတ် ၁၁ ရက်နေ့အထိ ရိုက်သွင်းပြီးစီးမှုမှာ ၅၅ ချောင်း ရိုက်သွင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိသော လုပ်ငန်းများအား စက်ယာဉ်/ယန္တရားများဖြင့် လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ထို့အတူ ငဝန်မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းထိန်းလုပ်ငန်းများ၊ သောင်ထွန်းနေရာများတွင် သဲနုန်းတူးဖော်ခြင်း၊ ဖြတ်မြောင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လိုအပ်ပါက ပန်းတာ၊ ဖြတ်တာများ ဆောင်ရွက်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ထို့အပြင် ဩဂုတ် ၁၀ ရက်က ပြုလုပ်တဲ့ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးမှာလည်း ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်၊ စပါးပြန်လည်စိုက်ပျိုးနိုင်ရေး မြေယာပြုပြင်ခြင်း၊ စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ ကြိုတင် ပြင်ဆင်ထားရန်၊ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေး၊ ကူညီထောက်ပံ့ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ကြိုတင်တွက်ချက်ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဆွေးနွေးမှာကြားထားတယ်လို့လည်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News