Meliá Yangon ဟိုတယ်မှ စက်တင်ဘာလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဗီယက်နမ်အစားအစာ အထူး ပရိုမိုးရှင်း (Special Vietnamese Food Promotion) ကို ပြုလုပ်သွားမယ်လို့ အဆိုပါ ဟိုတယ်မှ သိရပါတယ်။
ယခုပရိုမိုးရှင်းတွင် Meliá Vinpearl Phu Quoc ဟိုတယ်၏ စားဖိုမှူးချုပ် (Head Chef) ဖြစ်သူ နာမည်ကျော် ဗီယက်နမ်ဧည့်သည်တော်စားဖိုမှူး Phan Hoang Long မှ လာရောက်ဖန်တီး ချက်ပြုတ်ပေးသွားမှာဖြစ်ပြီး စက်တင်ဘာလတစ်လလုံးတွင် လာရောက်သူဧည့်သည်များအနေဖြင့် ရိုးရာချက်ပြုတ်နည်းနှင့် ခေတ်သစ် အချက်အပြုတ် နည်းပညာများကို စနစ်တကျပေါင်းစပ်ပြီး သေချာပြင်ဆင်ထားသည့် စစ်မှန်သော ဗီယက်နမ် အစားအစာများကို မြည်းစမ်းခွင့်ရရှိကြမှာ ဖြစ်တယ်လို့သိရပါတယ်။
Meliá Yangon ရဲ့ Marketing Communications Manager ကိုဝင်းဇော်နိုင် က “ဒီပရိုမိုးရှင်းဟာ အချက်အပြုတ် ယဉ်ကျေးမှုက တစ်ဆင့် စစ်မှန်တဲ့ ယဉ်ကျေးမှုအတွေ့အကြုံတွေကို မျှဝေပေးချင်တဲ့ Meliá ရဲ့ စိတ်အားထက်သန်မှုကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ စားဖိုမှူး Long ကို ကြိုဆိုခွင့်ရလို့ စိတ်လှုပ်ရှားမိသလို ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေကိုလည်း ဗီယက်နမ်နိုင်ငံရဲ့ ကြွယ်ဝတဲ့ အရသာတွေနဲ့ အချက်အပြုတ် အမွေအနှစ်တွေကို လာရောက် မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ပြောကြားထားပါတယ်။
စားဖိုမှူး Long ဟာ အဆင့်မြင့် ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများတွင် ဗီယက်နမ်နှင့် အာရှအစားအစာများကို အထူးပြု၍ ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းရှိသော ပရော်ဖက်ရှင်နယ် အချက်အပြုတ်အတွေ့အကြုံများကို ပိုင်ဆိုင်ထားသူဖြစ်ပြီး Meliá Vinpearl Phu Quoc တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း စားဖိုဆောင် လုပ်ငန်းလည်ပတ်မှုများကို ဦးဆောင်ခြင်း၊ အဆင့်မြင့် အစားအစာအရည်အသွေး စံချိန်စံညွှန်းများကို ထိန်းသိမ်းခြင်း၊ အချက်အပြုတ်အဖွဲ့များကို လေ့ကျင့်သင်ကြားပေးခြင်းတို့အပြင် စားဖိုဆောင် စီမံခန့်ခွဲမှုနှင့် ဟင်းလျာမီနူးသစ်များ ဖန်တီးမှုအပိုင်းတို့တွင်လည်း ၎င်း၏ကျွမ်းကျင်မှုများကြောင့် အသိအမှတ်ပြုခံထားရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယခု ဗီယက်နမ်အစားအစာ ပရိုမိုးရှင်းဟာ Meliá Yangon မိသားစုအတွင်းရှိ မတူကွဲပြားသော အချက်အပြုတ်ရိုးရာများကို ဂုဏ်ပြုဆင်နွှဲရင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံတကာအဆင့်မီ စားသောက်မှု အတွေ့အကြုံများ ယူဆောင်လာပေးရန် Meliá Yangon ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဧည့်သည်များအနေဖြင့် စက်တင်ဘာလ တစ်လလုံးတွင် Meliá ၏ Lantern Restaurant ၌ အထူး ပြင်ဆင်ထားသည့် ဗီယက်နမ် Set Menu များကို သုံးဆောင်နိုင်မည်ဖြစ်ပြီး Market Restaurant တွင်မူ စက်တင်ဘာ ၁၂ ၊ ၁၃ ၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ဗီယက်နမ် အစားအစာ သီးသန့် ဘူဖေး ကောင်တာများ ခင်းကျင်းသွားမည်ဖြစ်ကာ ဗီယက်နမ်နာမည်ကြီး အစားအစာများ၊ စွပ်ပြုတ်များ၊ appetizers အမြည်းများနှင့် ရိုးရာ နှစ်သက်ဖွယ် ဟင်းလျာများကို စုံလင်စွာ မြည်းစမ်းနိုင်မယ်လို့ သိရပါတယ်။
အထက်ပါ အစီအစဉ်များအတွက် ကြိုတင်စာရင်းပေးခြင်းနှင့် စုံစမ်းမေးမြန်းမှုများအတွက် Meliá Yangon ၏ တရားဝင်ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပြီး ဟိုတယ် ပထမထပ် ရှိ Lantern Restaurant သို့လည်း လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
MeliáYangon, VietnameseFoodPromotion, ဗီယက်နမ်စားဖိုမှူး, ဗီယက်နမ်အစားအစာများ,
Photos- Meliá Yangon






