[latest_news_marquee]

စင်ကာပူရောက်မြန်မာများအနေဖြင့် PV မှ PJ သို့ ပြောင်းလဲ သက်တမ်းတိုးမြှင့်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ကြေညာပေးမယ်  

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် PV မှ PJ သို့ ပြောင်းလဲ သက်တမ်းတိုးမြှင့်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ သံရုံးမှ ပြန်လည်ကြေညာပေးသွားမယ်လို့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ အသိပေးကြေညာခဲ့ပါတယ်။

အဆိုပါ ကြေညာချက်အရ နိုင်ငံကူးလက်မှတ် PJ မှ PJ သို့ သက်တမ်းတိုးမည့်သူများ အနေဖြင့် ယခင်အတိုင်းသာဖြစ်၍  စိတ်ရှည်စွာစောင့်ဆိုင်းရန်လိုအပ်ပြီး နိုင်ငံကူးလက်မှတ် PV မှ PJ သို့ ပြောင်းလဲရန် whatsapp သို့ ပေးပို့ထားသူများကို သံရုံးမှ Form ပုံစံ ပေးပို့ရန် whatsapp မှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ကာ သံရုံး၏ အကြောင်းကြားချက်ရရှိမှသာ အကြောင်းကြားလာသည့် WhatsApp သို့ တစ်ရက်အတွင်း ပေးပို့ရန်ဖြစ်သည့်အတွက် သံရုံးမှ ပြန်ကြားစာမရရှိမီ ထပ်ခါ ထပ်ခါ စာပေးပို့ခြင်း ပြုလုပ်ပါက ရက်ချိန်းပိုကြာမည်ဖြစ်ကြောင်း ဩဂုတ် ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့ PV မှ PJ သို့ပြောင်းလဲသက်တမ်းတိုးမည့်သူများအား သက်တမ်းတိုးခွင့် ချက်ချင်း ပေးနိုင်မည်မဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ သံရုံး၏ Facebook နှင့် website တို့တွင် ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးမြှင့်ခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာသံရုံး၏ တရားဝင်အသိပေးကြေညာချက်များ အတိုင်းသာ အခြေခံ၍ ဆောင်ရွက်ကြရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရပါတယ်။

အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သံရုံးမှ ကြေညာချက် အသစ်ထုတ်ပြန်လာမှသာ ထိုလမ်းညွှန်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရန် ထပ်မံအသိပေးထားကြောင်းနှင့် လျှောက်လွှာဖြည့်သွင်းရာတွင် (Form) ပုံစံနှစ်မျိုးရှိသဖြင့် မိမိနှင့် သက်ဆိုင်သည့် Form ကို သေချာစွာရွေးချယ် ဖြည့်စွက်ရန်နှင့် ကြေညာချက်များကို အစမှအဆုံးအထိ သေချာစွာဖတ်ရှုကြရန်လည်း သံရုံးက တိုက်တွန်းထားပါတယ်။

လျှောက်လွှာဖောင် ဖြည့်သွင်းပြီးသူများအနေဖြင့်လည်း သတ်မှတ်ချက်နှင့်အညီ ဓာတ်ပုံကို သေချာစွာကပ်၍ PDF ဖိုင်ပြုလုပ်ကာ ပေးပို့ရမည်ဖြစ်ကြောင်း၊  WhatsApp မှတစ်ဆင့် PDF ဖိုင်ပြုလုပ်နိုင်သည့် နည်းလမ်းများကိုပါ မျှဝေပေးထားကြောင်း သိရပါတယ်။

စင်ကာပူ, နိုင်ငံကူးလက်မှတ်, PassportforVisit,  PassportforJob,

Photo – Internet

Your Ad Here
Ad Size: 336x280 px

More News