[latest_news_marquee]

ယခုတစ်ပတ်အတွင်း နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌  နေရာကွက်၍ မိုးကြီးနိုင်

 ယခုတစ်ပတ်အတွင်း နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

နေရာကွက်၍ မိုးကြီးနိုင်မယ့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန် ၊ ပဲခူး ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း စက်တင်ဘာ ၁၃ ရက်မှ ၁၇ ရက်အတွင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲရွာသွန်းနိုင်တယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

မိုးကြီး, မိုးထစ်ချုန်း, မိုးဇလ, 

Photos- မိုးဇလ

Your Ad Here
Ad Size: 336x280 px

More News