[latest_news_marquee]

တနင်္သာရီတိုင်းဒေသကြီး၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ် ၃ ခု၏ မြို့ပေါ်ရပ်ကွက်များအတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ် ၃ ခု၏ မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ နိုင်ငံပိုင် သတင်းများနှင့် ဒေသခံများထံက သိရပါတယ်။

ပုလောမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပလောက်ချောင်း ရေမြင့်တက်၍ ပလောက်မြို့ အမှတ် (၁) ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သလို အလားတူ ထားဝယ်ခရိုင် သရက်ချောင်းမြို့နှင့် လောင်းလုံးမြို့တိုတွင်လည်း စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နံနက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ထားဝယ်မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
  


အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့်နေရာများရှိ ရေဘေးသင့်ပြည်သူများအား ယာယီ ရေဘေးကူညီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်ပေး ထားတယ်လို့လည်း သိရပါတယ်။

လောင်းလုံးမြို့ပေါ်နှင့် မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၂၀ ဝန်းကျင်၌ ရေကြီးရေလျှံနေပြီး တောင်တန်းများလည်း ပြိုကျကာ လူပျောက်ဆုံးမှုများရှိကြောင်းနဲ့ ထားဝယ်နှင့် လောင်းလုံးမြို့နယ်အစပ် ကမြောကြီးကျေးရွာမှစ၍ ကျောက်နီမော်ကျေးရွာအထိ ရေကြီးရေလျှံခြင်းနှင့် တောင်ပြိုကျကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံက သိရပါတယ်။

Photos- MFSD 

Your Ad Here
Ad Size: 336x280 px

More News