[latest_news_marquee]

ထန်းတပင်အလုပ်သမားဆေးရုံတွင် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက် တပ်ဆင်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရန် စီစဉ်နေ

ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံတွင် နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံ အလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင် ဆေးကြောစက် တပ်ဆင်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရပါတယ်။

အဆိုပါ ဆေးရုံတွင် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက် တပ်ဆင်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နေရာနှင့် ဆောင်ရွက်နိုင်မည့်အခြေအနေတို့ကိုလည်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးမှ သွားရောက်ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထို့အတူ အလုံမြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ ပျက်စီးနေသော လူမှုဖူလုံရေးရုံးနှင့်ဆေးခန်း၊ ကြည့်မြင်တိုင်မြို့နယ် လူမှုဖူလုံရေးဆေးခန်း အဆောက်အအုံဟောင်းတို့ကိုပါ ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရမည့် အဆောက်အအုံများနှင့် အသစ်ထပ်မံတည်ဆောက်ရမည့် အဆောက်အအုံများကို ရေရှည်တည်တံ့နိုင်စေရေး အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားရန်တို့ကိုလည်း ပြည်ထောင်စုဝန်ကြီးမှ မှာကြားခဲ့ကြောင်း သိရပါတယ်။

ထန်းတပင်, အလုပ်သမားဆေးရုံ, ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက်, ကျန်းမာရေး,

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News