ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ထုံးတမ်းစဉ်လာအတိုင်း ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံပွဲကို လာမည့် အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ကာ ကျင်းပမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ အပူဇော်ခံပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ တိုင်းရင်းသားရိုးရာ အစဉ်အလာအတိုင်း ကျင်းပမှာဖြစ်ပြီး အင်းသားရိုးရာ လှေပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
“အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံပွဲ အစီအစဉ်ကတော့ အောက်တိုဘာလထဲမှာ ကျင်းပသွားမယ်။ ပွဲတော်ကျင်းပဖို့ ရက်သတ်မှတ်ပြီးပါပြီ” ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များကို ရှမ်းပြည်နယ် ညောင်ရွှေဒေသနေ ပြည်သူများ ကုသိုလ်တရားတိုးပွားစေရန် ရည်သန်၍ ဒေသစာရီကြွချီအပူဇော်ခံခြင်းဖြစ်တယ်လို့ သိရပါတယ်။
Photo – MOI






