[latest_news_marquee]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး မြေ ၃ ဧကပေါ်ရှိ ဟိုတယ်နှင့်မြေအား နှစ်ရှည်ငှားရမ်းမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ် 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး မြေ ၃ ဧကပေါ်ရှိ ဟိုတယ်နှင့်မြေအား နှစ်ရှည်ငှားရမ်းမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံလိုသူများကို အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ ဖိတ်ခေါ်ထားကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။ 

အဆိုပါ ဖိတ်ခေါ်ချက်အရ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး၊ မြေ(၃)ဧကပေါ်ရှိ ဟိုတယ်နှင့်မြေအား သက်တမ်းကာလ (၃၀+၅+၅) ဖြင့် နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း သိရပါတယ်။

ထိုကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပြုလွှာပုံစံများကို ယခု ဩဂုတ်လ ၇ ရက်နေ့မှ စတင်၍ ၂၀ ရက်နေ့အထိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး ဩဂုတ်လ ၂၁ ရက်နေ့နံနက် ၁၀ နာရီအချိန် တွင် ယင်းနေရာသို့ပင် ပြန်လည်တင်သွင်းနိုင်ကာ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် အဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တင်ဒါကော်မတီသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး, အိတ်ဖွင့်တင်ဒါ, ဟိုတယ်နှင့်မြေနှစ်ရှည်ငှားရမ်း, Tender,

Your Ad Here
Ad Size: 336x280 px

More News