[latest_news_marquee]

မြန်မာနိုင်ငံရှိ ပျားရည် ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၇ ခုတို့တွင် ဖြစ်ဟုဆို

မြန်မာနိုင်ငံရှိ ပျားရည် ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၇ ခုတို့မှာ ထုတ်လုပ်လျက်ရှိနေတာဖြစ်တယ်လို့ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။

အဆိုပါ ပျားရည် ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းရှိသည့် မြို့နယ်များမှာ စစ်ကိုင်း၊ မြင်းမူ၊ ကနီ၊ ဘုတလင်၊ ကလေး၊ ခင်ဦးနှင့် ထီးချိုင့်မြို့နယ်တို့ဖြစ်ပြီး တစ်မြို့နယ်လျှင် ပျားအုံ ၄၄ဝ နှုန်း မွေးမြူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် ကနီနှင့် ဘုတလင်မြို့နယ်များတွင် လာမည့် စက်တင်ဘာလအတွင်း မွေးမြူရေး ပျားပုံး အများအပြား ချထားကာ ပျားရည်ထုတ်လုပ်သည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

ထိုသို့ လုပ်ဆောင်ရာမှာ ပျားမွေးမြူရေးနှင့် ပျားရည်ထုတ်လုပ်ရေးလုပ်ငန်းရှင် အများစုဟာ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကနီနှင့် ဘုတလင်မြို့နယ် တို့တွင် လုပ်ငန်းဆောင်ရွက်မည်ဖြစ်သလို ဒီဇင်ဘာလတွင် ကသာ၊ ကလေးနှင့် ထီးချိုင့်ဒေသတို့ရှိ နေကြာစိုက်ခင်းများသို့ ပျားပုံးများ ပြောင်းရွှေ့ကြမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အများစုသည် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း) ဒေသရှိ စိုက်ခင်းများတွင် ပျားပုံးများဖြင့် ဝတ်မှုန်ကူး ဝန်ဆောင်မှုနှင့် ပျားရည်ထုတ်လုပ်မှုများ ဆောင်ရွက်နေသလို အုံတိုး အုံပွား လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

ပျားမွေးမြူရေး, စစ်ကိုင်းတိုင်းဒေသကြီး, ပျားရည်ထုတ်လုပ်မှု, မွေးမြူရေး,

Your Ad Here
Ad Size: 336x280 px

More News