[latest_news_marquee]

လေးမျက်နှာ ရေးဘေးသင့်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားကာ စုစုပေါင်းတန်ဖိုး ကျပ် ၁၄၃ ဒသမ ၄၂၂ သန်းခန့် ထောက်ပံ့ပေးထားပြီးဖြစ် ဟုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ရေးဘေးသင့်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားကာ စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှု စုစုပေါင်းတန်ဖိုး ကျပ် ၁၄၃ ဒသမ ၄၂၂ သန်းခန့် ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


 ရေကျော်စီးဝင်မှုကြောင့် ဩဂုတ် ၄ ရက်အထိ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၅၇ ရွာရှိ အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စုနှင့် လူဦးရေ ၂၁,၄၆၃ ဦး ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားကာ အိမ်ထောင်စု ၆၁၀ စုမှ လူဦးရေ ၂,၀၂၃ ဦး လာရောက်ခိုလှုံလျက်ရှိပြီး ထောက်ပံ့မှုများတွင် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥ၊ ရေသန့် နှင့် စားနပ်ရိက္ခာထောက်ပံ့ငွေတို့ ပါဝင်တယ်လို့ သိရပါတယ်။

 ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ထို့အပြင် တာပြန်လည်ပိတ်ဆို့ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန် လူအင်အားနှင့် စက်ယန္တရားများကို အပြည့်အဝအသုံးပြု ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် Manpack ဂြိုလ်တု ဆက်သွယ်ရေးစနစ်နှင့် Command and Control Center (C3) ကို အသုံးပြုကာ မြေပြင်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ တယ်လို့လည်း သိရပါတယ်။

ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပို့ဆောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား ၉၁၆ ဦး၊ လှေမျိုးစုံ ၆၄ စီးနှင့် မော်တော်ယာဉ် ၃၈ စီးတိုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News