[latest_news_marquee]

ရန်ကုန်နှင့် မန္တလေးတို့ရှိ အလုပ်သမားဆေးရုံကြီးတွင် အာမခံအလုပ်သမား ကျောက်ကပ်လူနာပေါင်း ၈၃၀ ဦး ကျော်ကို အကြိမ်ရေပေါင်း ၅,၅၀၀ ကျော် ကျောက်ကပ်ဆေးကြောပေးခဲ့ဟုဆို

အလုပ်သမားဆေးရုံကြီး(ရန်ကုန်)နှင့် အလုပ်သမားဆေးရုံကြီး (မန္တလေး)တို့တွင် ကျောက်ကပ်သွေးသန့်စင်စက်ဖြင့် ဝန်ဆောင်မှုပေးနေရာမှ အာမခံအလုပ်သမား ကျောက်ကပ်လူနာပေါင်း ၈၃၈ ဦးကို အကြိမ်ရေပေါင်း ၅,၅၈၇ ကြိမ် ကျောက်ကပ်ဆေးကြောပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

အလုပ်သမားဆေးရုံကြီး(ရန်ကုန်) ၌ နာတာရှည်ကျောက်ကပ်ရောဂါလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းအား၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာက ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အာမခံ အလုပ်သမားလူနာ ၅၃၀ ဦးအတွက် ကျောက်ကပ်ဆေးကြောသည့် အကြိမ်ရေ ၃,၀၄၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ အလုပ်သမားဆေးရုံကြီး(မန္တလေး) ၌ နာတာရှည်ကျောက်ကပ်ရောဂါလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာက ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အာမခံ အလုပ်သမားလူနာ ၃၀၈ ဦး၊ ကျောက်ကပ်ဆေးကြောသည့် အကြိမ်ရေ ၂,၅၄၂ ကြိမ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် လူနာတစ်ဦးလျှင် တစ်ပတ်တစ်ကြိမ်သာ ကျောက်ကပ်သွေးသန့်စင်ပေးနိုင်သဖြင့် အလုပ်သမားဆေးရုံ (ထန်းတပင်)တွင် ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက်များ တပ်ဆင်ထားရှိ၍ တိုးချဲ့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်တဲ့အတွက် လှိုင်သာယာ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့ရှိ အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက် ဆေးကုသမှုခံယူရန် မလိုတော့ဘဲ ထန်းတပင်တွင်သာ ဆေးကုသမှု ခံယူနိုင်မှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့ပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News