[latest_news_marquee]

“နေပြည်တော်” လို့ အမည်ပေးထားတဲ့ လေယာဉ်အသစ်ကို MAI မိတ်ဆက်

“နေပြည်တော်” လို့ အမည်ပေးထားတဲ့ လေယာဉ်အသစ် ATR 72-600 ကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)က စက်တင်ဘာ ၂၉ ရက်နေ့က မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်သစ်ဟာ ပြင်သစ်နိုင်ငံ တူးလော့ (Toulouse) မြို့ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းရောက်ရှိလာတာဖြစ်ပြီး မှတ်ပုံတင်အမှတ် XY-ANE ဖြစ်ကာ လေယာဉ်အသစ်စက်စက်ကို ခမ်းနားစွာ ရေပက်ဖျန်း ကြိုဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုလေယာဉ်ဟာ MAI ရဲ့ ATR 72-600 လေယာဉ်စုထဲကို နောက်ဆုံးထပ်မံတိုးချဲ့လိုက်တဲ့ လေယာဉ်တစ်စင်းဖြစ်ပြီး၊ ၎င်းတို့၏ လေယာဉ်စုအင်အား စဉ်ဆက်မပြတ် တိုးချဲ့ရေးနှင့် ပြည်တွင်း/ပြည်ပ ဒေသတွင်း ပျံသန်းဆက်သွယ်မှု ကွန်ရက်တွေကို ပိုမိုခိုင်မာအားကောင်းစေဖို့အတွက် အထောက်အကူပြုသွားမှာ ဖြစ်တယ်လို့ MAI မှ ဆိုထားပါတယ်။

Photos- MAI 

Your Ad Here
Ad Size: 336x280 px

More News